back

သရုပ်ဆောင်၊ဇာတ်မင်းသားတင်မောင်ဆန်းမင်းဝင်းဟာ ညာဘက်တစ်ခြမ်း ရုတ်တရက်လေဖြန်းသွားခဲ့ရပြီး ဘုရားတရားမိဘဂုဏ်ကျေးဇူးကြောင့် တစ်ရက်ထဲနဲ့ ပြန်ကောင်းလာခဲ့ရ

Apr 23 • 8:15 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သရုပ်ဆောင်၊ဇာတ်မင်းသားတင်မောင်ဆန်းမင်းဝင်းဟာ ညာဘက်တစ်ခြမ်း ရုတ်တရက်လေဖြန်းသွားခဲ့ရပြီး ဘုရားတရားမိဘဂုဏ်ကျေးဇူးကြောင့် တစ်ရက်ထဲနဲ့ ပြန်ကောင်းလာခဲ့ရ

သရုပ်ဆောင်နဲ့ ဇာတ်မင်းသား တစ်ဦးဖြစ်သူ တင်မောင်ဆန်းမင်းဝင်းဟာ ညာဘက်တစ်ခြမ်း လေဖြန်းသလို ဖြစ်ခဲ့ရတာကြောင့် ကုတင်ပေါ်ကနေ အောက်ကို ကြိုးစားဆင်းပြီး မိသားစုတွေနဲ့ တ...

သရုပ်ဆောင်နဲ့ ဇာတ်မင်းသား တစ်ဦးဖြစ်သူ တင်မောင်ဆန်းမင်းဝင်းဟာ ညာဘက်တစ်ခြမ်း လေဖြန်းသလို ဖြစ်ခဲ့ရတာကြောင့် ကုတင်ပေါ်ကနေ အောက်ကို ကြိုးစားဆင်းပြီး မိသားစုတွေနဲ့ တွေ့ဆုံ ပြောပြခဲ့ချိန်မှာ ခြေထောက်လည်း မရပ်နိုင် ညာဘက်လက်ကလည်း လုံးဝ အထိအတွေ့ မသိရှိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်. ဒါကြောင့် မိသားစုက ဆေးရုံ.ပို့ပေးတဲ့လမ်းမှာ ခြေထောက်ကိုပြန်လှုပ်ဖို့ကြိုးစားကြည့်တော့မှ ပြန်ရလာခဲ့ပြီး ဆေးရုံတက်ပြီးနောက်တစ်ရက်မှာ သိသိသာသာနဲ့ပြန်လည် သက်သာလာခဲ့ပါတယ်။ထိုသို့၂ပတ်နီးပါး ကုသမှုခံယူပြီး အခုတော့ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း အစားအသောက်အနေအထိုင် သတိထားနေရကြောင်း အခုလို လေဖြန်းရာကနေ အချိန်တိုလေးအတွင်း ပြန်ကောင်းလာခဲ့တာ ဘုရားတရားဂုဏ်ကျေးဇူး မိဘလုပ်ကျွေးပြုစုတာတွေကြောင့်လည်း ပါနိုင်ပါတယ်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပြခဲ့တာဖြစ်ပါတယ်။


news-view-count-icon

28