back

လာလီဂါမှာ ကစားရတာကို နှစ်သက်တယ်လို့ စပါးအသင်းနောက်ခံလူရိုမဲရိုး ပြော

Apr 23 • 7:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာလီဂါမှာ ကစားရတာကို နှစ်သက်တယ်လို့ စပါးအသင်းနောက်ခံလူရိုမဲရိုး ပြော

စပါးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ နောက်ခံလူ ရိုမဲရိုးက သူဟာ လာလီဂါပြိုင်ပွဲမှာ တစ်နေ့ကစား ရမှာကို နှစ်သက်တယ်လို့ TyC Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြေ...

စပါးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ နောက်ခံလူ ရိုမဲရိုးက သူဟာ လာလီဂါပြိုင်ပွဲမှာ တစ်နေ့ကစား ရမှာကို နှစ်သက်တယ်လို့ TyC Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ရိုမဲရိုးက “လာလီဂါဟာ ကျနော်ကစားဖို့ ကျန်ရှိနေတဲ့ လိဂ်တွေထဲက တစ်ခုပါ။ ကျနော်လာလီဂါမှာ ကစားရတာ ကို နှစ်သက်ပါတယ်၊ ဒါက အမှန်အတိုင်း ပြောတာပါ။ ကျနော်ဟာ ကိုယ်စားလှယ်နဲ့ စကားမပြောရသေးပေမယ့် ဘာမဆို လမ်းဖွင့်ထားပါတယ်။ ကျနော့်ရဲ့ခေါင်းထဲမှာ အမြဲတမ်း ကြီးထွားဖို့ အကြောင်းတွေးသလို နေရာ အသစ်ကို သွားဖို့အကြောင်းလည်း တွေးပါတယ်။ ဒါပေမယ့် ရာသီကုန်ဖို့ ကျန်ရှိသေးတာကြောင့် ဒီအကြောင်းကို မပြောချင်သေးဘူး”လို့ ပြောခဲ့ပါတယ်။


news-view-count-icon

39