ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီ MNL League Cup 2025 ပြိုင်ပွဲနှင့် မြန်မာနယ်ရှင်နယ်လိဂ်ပြိုင်ပွဲအတွက်ကစားသမားခေါ်ယူအားဖြည့်မှုများစွာပြုလုပ်လျက်ရှိရာ ယခုနှစ်ရာသီ၏စတုတ္ထမြောက်ပြည်တွင်းကစားသမားခေါ်ယူအားဖြည့်မှုအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၂အသင်းနှင့် ဒဂုံပေါ့အသင်းတိုက်စစ်ကစားသမား ချစ်အေးအား ၂နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ပါတယ်။တိုက်စစ်ကစားသမားချစ်အေးသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ဇာတိဖြစ်ပြီး အသက် ၂၁နှစ်အရွယ်ရှိကစားသမားတစ်ဦးဖြစ်သလို တိုက်စစ်၏ တောင်ပံနှင့် တိုက်စစ်မှူးနေရာများတွင်အဓိကကစားနိုင်သူချစ်အေးသည် မြန်မာနေရှင်နယ်လိဂ်အသင်းများဖြစ်သည့် ရတနာပုံအသင်းနှင့် ဒဂုံပေါ့ အသင်းတို့တွင်ကစားခဲ့သူဖြစ်ပြီး လိဂ်အတွေ့အကြုံရှိကစားသမားတစ်ဦးဖြစ်ကာ၂၀၂၅ခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂အသင်းတွင်လည်းရွေးချယ်ခံထားရသူလည်းဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၂၂အသင်းနှင့် ဒဂုံပေါ့အသင်းတိုက်စစ်ကစားသမား ချစ်အေးအား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူအားဖြည့်
Apr 23 • 7:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


