back

Tesla ကားကုမ္ပဏီ ဝင်ငွေ ၇၀ရာခိုင်နှုန်းကျော် ကျသွားသောကြောင့် ထရမ့်အစိုးရနှင့် အီလွန်မက်စ်ခ် လက်တွဲမှုလျော့ရန်စီစဉ်နေ

Apr 23 • 6:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

Tesla ကားကုမ္ပဏီ ဝင်ငွေ ၇၀ရာခိုင်နှုန်းကျော် ကျသွားသောကြောင့် ထရမ့်အစိုးရနှင့် အီလွန်မက်စ်ခ် လက်တွဲမှုလျော့ရန်စီစဉ်နေ

Tesla ကားထုတ်လုပ်ရေး ကုမ္ပဏီ၏ ဝင်ငွေသည် ယခုနှစ် ပထမ ၃လပတ်အတွင်း ၇၁ ရာခိုင်နှုန်းအထိ ထိုးကျသွားသောကြောင့် သမ္မတထရမ့် အစိုးရတွင် ပါဝင်ပတ်သက်နေမှုကို လျှော့ချရန် အ...

Tesla ကားထုတ်လုပ်ရေး ကုမ္ပဏီ၏ ဝင်ငွေသည် ယခုနှစ် ပထမ ၃လပတ်အတွင်း ၇၁ ရာခိုင်နှုန်းအထိ ထိုးကျသွားသောကြောင့် သမ္မတထရမ့် အစိုးရတွင် ပါဝင်ပတ်သက်နေမှုကို လျှော့ချရန် အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ခ်က စီစဉ်နေကြောင်းသိရပါသည်။ကုမ္ပဏီ၏ အရောင်းကျဆင်းခြင်း၊ နိုင်ငံရေးနှင့်ဆက်နွှယ်သည့် တုံ့ပြန်မှုများနှင့် ပြိုင်ဆိုင်မှုများ တိုးလာခြင်းတို့ကြောင့် ယခင်နှစ် ပထမ ၃ လအတွင်း ဝင်ငွေသည် ၁.၄ ဘီလီယံဒေါ်လာရှိခဲ့ရာမှ ယခုနှစ်အလားတူကာလတွင် ၄၀၉ သန်းအထိ ကျဆင်းခဲ့သည်။Tesla ကုမ္ပဏီသည် မော်ဒယ်လ်အသစ်များ မရှိခြင်း၊ BYD ကဲ့သို့သော တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများထံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုကြုံရခြင်း၊ သမ္မတထရမ့်၏ လက်ယာယိမ်း အယူအဆများကို မက်စ်ခ်က ပွင့်ပွင့်လင်းလင်း ထောက်ခံခြင်းတို့ကြောင့် ကုမ္ပဏီ၏ ကျော်ကြားမှုဂုဏ်သတင်းကို ထိခိုက်စေခဲ့သည်။


news-view-count-icon

21