ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဧပြီ ၂၄ ရက် ပေကျင်းစံတော်ချိန် ညနေ ၅:၁၇ နာရီ၌ လွှတ်တင်ရန်စီစဉ်ထားကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ဧပြီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် ရှန်ကျိုး-၂၀ အာကာသယာဉ်ပျံသန်းရေးမစ်ရှင် ထမ်းဆောင်မည့် အာကာသယာဉ်မှူးများဖြစ်သော ချန်တုန်း (Chen Dong) ၊ ချန်ကျုံးရွှေ့ (Chen Zhongrui) နှင့် ဝမ်ကျယ် (Wang Jie) တို့ကို ခေါ်ဆောင်သွားမည်ဖြစ်ကာ ချန်တုန်းက ခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း CMSA ပြောခွင့်ရပုဂ္ဂိုလ် လျင်ရှီးချန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 
Apr 23 • 6:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


