ဧပြီလ ၂၂ ရက်ကအမျိုးသမီးတစ်ဦးကို သတ်ဖြတ်၍ လုယက်သွားသောဖြစ်ရပ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၈ လမ်းရှိ တိုက်အမှတ် ၁၅ ၊ ၃ လွှာ၌ ဖြစ်ပွားခဲ့ပါတယ်။အဆိုပါသတ်ဖြတ်လုယက်ခံရသည့် အမျိုးသမီးမှာ အာအိရှဟ်ဘီ (ခ) ဒေါ်သန်းသန်းဌေး အသက် ၆၂ နှစ်ဖြစ်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ယူဆောင်သွားခြင်းလည်းဖြစ်ပါတယ်။ထိုအမျိုးသမီးမှာ အခင်းဖြစ်ပွားရာ ရှစ်ထပ်တိုက်၏ ၃လွှာအခန်းတွင် လွန်ခဲ့သောလေးလဝန်းကျင်မှစတင်ကာ တစ်ဦးတည်း နေထိုင်ခြင်းဖြစ်ပြီး ယခုလိုအဖြစ်မျိုးကြုံလာခြင်းလည်းဖြစ်ကာလတ်တလောတွင် ကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘဲ လိုအပ်သည့်စစ်ဆေးမှုများကိုသာ လုပ်ဆောင်နေကြောင်း အဆိုပါလမ်းအတွင်းနေထိုင်သူများက ဆိုပါတယ်။
Apr 23 • 6:09 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 34 | 0 | 0 | 0 |


