back

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်အပြီးဂိုးနှစ်ဂိုး သွင်းခဲ့သည့် စန်းသော်သော် AYA Pay အကောင်းဆုံးကစားသမားဆု ရရှိခဲ့

Apr 23 • 6:01 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်အပြီးဂိုးနှစ်ဂိုး သွင်းခဲ့သည့် စန်းသော်သော် AYA Pay အကောင်းဆုံးကစားသမားဆု ရရှိခဲ့

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ် တစ်ပွဲ အဖြစ် ဧပြီ ၂၂ ရက်နေ့၊ ညနေက ပဒုမ္မာကွင်း၌ ရှမ်းယူနိုက် တက် အသင်းနှင့် ဧရာဝတီအသင်းတို...

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ် တစ်ပွဲ အဖြစ် ဧပြီ ၂၂ ရက်နေ့၊ ညနေက ပဒုမ္မာကွင်း၌ ရှမ်းယူနိုက် တက် အသင်းနှင့် ဧရာဝတီအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Woman of The Match အကောင်းဆုံးကစားသမားဆုကို ဧရာဝတီအသင်း တိုက်စစ်မှူး စန်းသော်သော်က ရရှိခဲ့ပါတယ်။ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ ပွဲတွင် ဧရာဝတီအသင်းက (၀-၃) ဂိုးဖြင့် အနိုင်ရခဲ့သလို ယနေ့ပွဲတွင် ဧရာဝတီတိုက်စစ်မှူး စန်းသော်သော်(ကျောနံပါတ်-၁၀)သည် တိုက်စစ်တွင် ခြေစွမ်းပြခဲ့သည့်အပြင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Woman of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကစားသမားစန်းသော်သော်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ရှမ်းယူနိုက်တက်အသင်း စီအီးအို ဦးရဲမျိုးထွန်းက ချီးမြှင့် ပေးခဲ့ပါတယ်။Woman of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းလည်းဖြစ်ပါတယ်။



news-view-count-icon

25