ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် (PSC) ကို ပြည်ပခရီးစဥ်အတွက် ၂၅ ဒေါ်လာနှင့် ပြည်တွင်းခရီးစဥ်အတွက် ကျပ် ၁၅၀၀၀ တိုးမြှင့်ကောက်ခံလိုက်ပြီး မေလ ၁၂ ရက် မတိုင်မီ လက်မှတ်ဝယ်ထားသူများပါ ထပ်မံပေးဆောင်ရမည်ဖြစ်သည်ဟု Yangon International Airport (YIA) က တရားဝငမကြေညာထားပါတယ်။လာမည့်၂၀၂၅ခုနှစ်မေလ ၁၂ ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားဧည့်သည်များအားလုံး Check-in တွင် လေဆိပ်အခွန်အဖြစ် ပြည်ပခရီးစဉ်များအတွက် ၂၅ ဒေါ်လာနှင့် ပြည်တွင်းခရီးစဉ်များအတွက် ၁၅၀၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားထားပြီး မေလ ၁၂ ရက်နေ့နှင့် မေလ ၁၂ ရက်နောက်ပိုင်း ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ယူထားသော ခရီးသည်များသည်လည်း ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန်ကို ပြည်ပခရီးစဥ်အတွက် ၂၅ ဒေါ်လာနှင့် ပြည်တွင်းခရီးစဥ်အတွက် ကျပ် ၁၅၀၀၀ တိုးမြှင့်ကောက်ခံမည်
Apr 23 • 5:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 87 | 0 | 0 | 0 |


