back

အမေရိကန် ထပ်ဆောင်းခွန်ကို ရှောင်ရန် တရုတ်က ကိုရီးယားထုတ်ပစ္စည်းအဖြစ် အသွင်ပြောင်း

Apr 23 • 4:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် ထပ်ဆောင်းခွန်ကို ရှောင်ရန် တရုတ်က ကိုရီးယားထုတ်ပစ္စည်းအဖြစ် အသွင်ပြောင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ကောက်ခံမှုကို ရှောင်ဖို့ တရုတ်နိုင်ငံက အဓိကဖြစ်တဲ့ နိုင်ငံခြားထုတ်ကုန်တွေကို ကိုရီးယားပို့ကုန်တွေအဖြစ် အသွင်ပြောင်း...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ကောက်ခံမှုကို ရှောင်ဖို့ တရုတ်နိုင်ငံက အဓိကဖြစ်တဲ့ နိုင်ငံခြားထုတ်ကုန်တွေကို ကိုရီးယားပို့ကုန်တွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားတာတွေ တိုးလာတာကို တွေ့ခဲ့တယ်လို့ တောင်ကိုရီးယား အကောက်ခွန်အေဂျင်စီက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။ယခုနှစ်ရဲ့ ပထမ ၃ လအတွင်း မူလနိုင်ငံနဲ့ပတ်သက်တဲ့ ချိုးဖောက်ထားတဲ့ စုစုပေါင်း ကိုရီးယား ဝမ် ၂၉ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၁ သန်း) တန်ဖိုးရှိတဲ့ ထုတ်ကုန်တွေကို အမေရိကန်ဆီ သင်္ဘောနဲ့ တင်ပို့မယ့် ကုန်စည်တွေထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။


news-view-count-icon

19