back

Golden colour fashion စက်ရုံပိုင်ရှင်မှအလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ယောက်၆၆ ဃနဲ့အမှုဖွင့်ခံရ

Apr 23 • 4:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

Golden colour fashion စက်ရုံပိုင်ရှင်မှအလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ယောက်၆၆ ဃနဲ့အမှုဖွင့်ခံရ

Golden colour fashion“စက်ရုံပိုင်ရှင်က သူ ကောင်းပါတယ်ဆိုတဲ့စာအပေါ် လက်မှတ်ထိုးခိုင်းတဲ့အကြောင်းကို STUM ပေ့ချ်ကနေ တင်လိုက်တာ။ ဒါကို မဆိုင်တဲ့ အလုပ်သမားသမဂ္ဂဝင်...

Golden colour fashion“စက်ရုံပိုင်ရှင်က သူ ကောင်းပါတယ်ဆိုတဲ့စာအပေါ် လက်မှတ်ထိုးခိုင်းတဲ့အကြောင်းကို STUM ပေ့ချ်ကနေ တင်လိုက်တာ။ ဒါကို မဆိုင်တဲ့ အလုပ်သမားသမဂ္ဂဝင်တွေကို တရားစွဲတာ၊ အခု တရားစွဲခံရတဲ့သူတွေက ပေ့ချ် အက်ထ်မင်တွေမှ မဟုတ်တာ။ ပြီးတော့ ဒါက မဟုတ်မမှန်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ချုပ်ရဲ့ ပေ့ချ်ဆီ စက်ရုံဘက်က လာဆက်သွယ်ပြောတာလည်း မရှိဘူး” လို့ ပြောပါတယ်။အဲဒီစက်ရုံပိုင်ရှင်က လက်မှတ်ရေးထိုးခိုင်းတဲ့သတင်း ပေါက်ကြားမှုနဲ့ပတ်သက်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ယောက်ကို ဖမ်းဆီးခေါ်သွားပြီး လက်ကိုင်ဖုန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းကာ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားကြောင်း၊ လက်ရှိမှာ အာမခံနဲ့ပြန်လွှတ်ပေးထားကြောင်း သိထားရတယ်လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။



news-view-count-icon

30