ယာဉ်မောင်းတွေရဲ့ အချိန်နဲ့ ငွေ ကုန်ကျမှုကို သက်သာစေဖို့ ထိုင်း လွှတ်တော်က ယာဉ်မောင်းတွေ လူတွေ့ အစစ်ဆေးခံစရာ မလိုဘဲ အွန်လိုင်းကနေ ယာဉ်မောင်းလိုင်စင်ကို သက်တမ်းတိုးနိုင်မယ့် ဥပဒေကို ထိုင်းလွတ်တော်မှာ ခွင့်ပြုပေးလိုက်ပါတယ်။ အဲဒီစနစ်ကို လာမယ့်လတွေအတွင်း ပြုလုပ်ပေးမှာ ဖြစ်ပြီး ထိုင်းရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒစ်ဂျစ်တယ်စနစ်နဲ့ အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။ အခု စနစ်အသစ်မှာ ကျန်းမာရေး ကောင်းသူတွေဟာ သူတို့ရဲ့ လိုင်စင်တွေကို အွန်လိုင်းကနေ သက်တမ်းတိုးနိုင်မှာ ဖြစ်ပြီး ကားမောင်းပြတာနဲ့ မျက်လုံး စစ်ဆေးတာတွေ မလိုအပ်တော့ပါဘူး။ 
Apr 23 • 3:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 34 | 0 | 0 | 0 |


