သရုပ်ဆောင်ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ကို ဦးဆောင်နေသူ သရုပ်ဆောင် ခိုင်နှင်းဝေက သူမထံသို့ပို့ပေးကြတဲ့ ဗီဒီယိုတွေကို မြင်တွေ့ပြီးပြီဖြစ်ကာ သူမဟာ လက်ရှိ အလှူခရီးစဉ်တစ်ခုကြောင့် ချက်ချင်းမသွားနိုင်ပေမယ့် စုံစမ်းပြီး ကလေးလေးဘက်ကနေ လိုအပ်သလို ဆောင်ရွက်ပေးသွားမယ်လို့ စိတ်ပူနေတဲ့ ပရိသတ်ကြီးကို အသိပေးလာပါတယ်။ အဆိုပါဗီဒီယိုတွင် ၃ နှစ်ကျော်ကလေးကို မိခင်ဖြစ်သူက ၁ နှစ်ကျော်ကလေးနှင့်အတူ တောင်းရမ်းခိုင်းရာမှ ကလေးငယ်လေးပျောက်ဆုံးသွားလို့ အကြီးမလေးကို ရိုက်နှက်နေတာဖြစ်ပါတယ်။ ထိုဗီဒီယို အွန်လိုင်းမှာ တစ်ခဏချင်းပျံ့နှံ့လာပြီး အွန်လိုင်းသုံးစွဲသူတွေက ကလေးလေးအတွက် စိတ်ပူပန်သောကရောက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်ခိုင်နှင်းဝေဟာ ထောက်ကြန့်လမ်းဆုံက ရိုက်နှက်ခံနေရတဲ့ ကလေးဘက်ကနေပြီး လိုအပ်သလို ဆောင်ရွက်ပေးသွားမည်
Apr 23 • 2:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


