back

၂၀၂၄ခုနှစ်အတွက်YBSစံပြယာဉ်မောင်းဆုရရှိသူ၂၀အား ထိုင်းနိုင်ငံသို့လေ့လာရေးခရီးပို့ဆောင်

Apr 23 • 12:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၄ခုနှစ်အတွက်YBSစံပြယာဉ်မောင်းဆုရရှိသူ၂၀အား ထိုင်းနိုင်ငံသို့လေ့လာရေးခရီးပို့ဆောင်

၂၀၂၄ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိခဲ့တဲ့ YBSယာဉ်မောင်းအယောက်၂၀ဟာ ဧပြီ၂၂ရက် ညနေပိုင်းက ထိုင်းနိုင်ငံကို လေ့လာရေးခရီးစဉ်ထွက်ခွာသွားပြီဖြစ်တယ်လို့ YRTCကနေ သိရပါတ...

၂၀၂၄ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိခဲ့တဲ့ YBSယာဉ်မောင်းအယောက်၂၀ဟာ ဧပြီ၂၂ရက် ညနေပိုင်းက ထိုင်းနိုင်ငံကို လေ့လာရေးခရီးစဉ်ထွက်ခွာသွားပြီဖြစ်တယ်လို့ YRTCကနေ သိရပါတယ်။ထိုင်းနိုင်ငံ၊ ဘန်ကာက်မြို့၊ Bangkok Mass Transit Authority (BMTA)ရဲ့ ဖိတ်ကြားချက်အရ YRTCကော်မတီဝင်(၁) ဦးခင်မောင်ထွေးဦးဆောင်ပြီး အုပ်ချုပ်သူ၄ယောက်၊ ယာဉ်းလိုင်းကုမ္ပဏီတွေကတာဝန်ရှိသူ ၂၂ယောက်နဲ့ ၂၀၂၄ခုနှစ်အတွက်စံပြယာဉ်မောင်းဆုတွေရရှိထားတဲ့ YBS ယာဉ်မောင်း အယောက်၂၀တို့ဟာ ဧပြီ၂၂ရက်ကနေ ၂၆ရက်အထိ လေ့လာရေးခရီးသွားကြတာဖြစ်ကာခရီးစဉ်အတွင်း BMTAရဲ့ Bus Line ပြေးဆွဲမှုအခြေအနေတွေ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေ၊ ကောင်းမွန်တဲ့ခရီးသည်သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကို လေ့လာသွားမှာဖြစ်ပါတယ်။ မြို့တွင်းယာဉ်လိုင်းပြေးဆွဲမှုအခြေအနေတွေနဲ့ ဂိတ်ရင်း/ဂိတ်ဖျား‌တွေ၊ မြို့တွင်း EV လျှပ်စစ်ဘတ်စ်ကားပြေးဆွဲမှု အခြေအနေတွေ၊ EV လျှပ်စစ်ဘတ်စ်ကားထုတ်လုပ်တဲ့ စက်ရုံတွေ၊ Intelligent Transport System (ITS) စနစ် ဆောင်ရွက်မှုအခြေအနေတွေကိုလည်း လေ့လာသွားမှာဖြစ်ပါတယ်။



news-view-count-icon

29