သရုပ်ဆောင်နေခြည်ဦးက တစ်နေ့တစ်ခြား ပိုပိုထွက်လာတဲ့ သူမရဲ့ ဗိုက်လေးကို ပြခဲ့တာဖြစ်ကာဒီဇင်ဘာလအတွင်းမှာ မင်္ဂလာပွဲကိုခမ်းနားစွာကျင်းပခဲ့တဲ့ နေခြည်ဦးဟာ ဖေဖော်ဝါရီလထဲမှာပဲ ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း အသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃လ၄လသို့ ရောက်ရှိလာချိန်မှာ ပြောင်းလဲလာတဲ့ သူမရဲ့ ဗိုက်လေးကြောင့် မိခင်တစ်ယောက်ရဲ့ ပီတိတွေဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။သရုပ်ဆောင်နေခြည်ဦးဟာ ခင်ပွန်းဖြစ်သူကို ချစ်မြတ်နိုးလွန်းလို့ ခင်ပွန်းသာအလိုရှိရင် မင်္ဂလာဆောင်ပြီးပြီးချင်း ရင်သွေးလေးကိုလွယ်ပေးဖို့ အဆင်သင့်ပဲလို့ ထုတ်ပြောခဲ့တာလည်းဖြစ်ပါတယ်။



