စစ်ကိုင်းနှင့် မန္တလေးငလျင်ကြီးအပြီး ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်များနှင့်အတူ အငှားဈေးကွက်လည်း ပိုမိုသွက်လာခဲ့ပြီး၊ အထပ်မြင့်အဆောက်အဦများအစား ရပ်ကွက်အိမ်များကို ငှားနေသူများ၊ ဝယ်ယူသူများများပြားလာကြောင်း သိရသည်။မြောက်ဒဂုံ၊ အရှေ့ဒဂုံကဲ့သို့ နယ်ပင်အနားမြို့နယ်များတွင် မြေကွက်နှင့် အိုးအိမ်ဈေးနှုန်းများ တက်လာပြီး၊ ဆောက်လုပ်ရေးကုန်ကျစရိတ်မြင့်မားမှုကြောင့် ဆောက်ပြီးသားအိမ်များကိုသာ ဝယ်ယူသုံးစွဲနေကြသည်။



