back

နောက်ဆက်တွဲ ငလျင်များကြောင့် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် အခက်ကြုံနေဟု UNOCHA ပြော

Apr 22 • 9:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နောက်ဆက်တွဲ ငလျင်များကြောင့် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် အခက်ကြုံနေဟု UNOCHA ပြော

မကြာသေးမီက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ နောက်ဆက်တွဲ...

မကြာသေးမီက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ နောက်ဆက်တွဲငလျင်များကြောင့် ပိုမိုခက်ခဲနေကြောင်း UNOCHA Myanmar ကထုတ်ပြန်ထားသည်။ မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ (၄၀,၀၀၀) ကျော် ပျက်စီးခဲ့ရပြီး လက်ရှိတွင်လည်း ငလျင်ကြောင့် အိမ်ထဲပြန်ဝင်ရမည်ကို ကြောက်နေသည့် မိသားစုများသည်လည်း ဟင်းလင်းပြင်တွင် အိပ်စက်နေကြရဆဲဖြစ်ကြောင်း UNOCHA Myanmar က ဖော်ပြထားသည်။

news-view-count-icon

43