မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြား စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ပေးစွမ်းလျက်ရှိပြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက်ရှိသော တရုတ်နိုင်ငံ၏ ဈေးကွက်မှာလည်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်ရေးလုပ်ငန်း အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မလေးရှား အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုများ မကြာခဏ လုပ်ဆောင်ခြင်းကို ထိန်းသိမ်းထားပြီး ပိုမိုခိုင်မာအားကောင်းသော ကုန်သွယ်မှုများကို အားပေးမြှင့်တင်ခဲ့ရာ ကဏ္ဍအများအပြား၌ တိုးတက်ဖြစ်ထွန်းမှုအသစ်များ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေခဲ့ကြောင်း မကြာမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ မလေးရှားနိုင်ငံ စိုက်ခင်းနှင့် လူသုံးကုန်ပစ္စည်းဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Chan Foong Hin က ပြောကြားခဲ့သည်။



