ဧပြီလ ၂၀ ရက်နေ့ ၁၈နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူရှမ်းပြည်နယ် မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာနေ မနန်းရွှေကျင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် စိုင်းအောင်ထွန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃.၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မနန်းရွှေကျင်(၂၉)နှစ် နှင့် စိုင်းအောင်ထွန်း(၂၇)နှစ်တို့အား နားကောင်းမူးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပါတယ်။
Apr 22 • 7:24 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 31 | 0 | 0 | 0 |


