၂၀၂၅ - ၂၆ ဘောလုံးရာသီအတွက် ပြင်ဆင်နေ သော ရှမ်းယူနိုက်တက် အသင်းသည် တိုက်စစ်မှုး
ပီတာ အောင်ဝေထူးအား ခေါ်ယူ အားဖြည့်လိုက်ပြီ ဖြစ်ပါသည်။၂၀၀၁ ခုနှစ်ဖွား တိုက်စစ်မှုးသည် အသက် ၁၉ နှစ်အောက် ရန်ကုန် ယူနိုက်တက် အသင်း၊ ဧရာဝတီ ယူနိုက်တက် (စီနီယာအသင်း)၊ ဒဂုံစတား ယူနိုက်တက် (စီနီယာအသင်း) တို့တွင် ကစားခဲ့သူဖြစ်ကာပြီးခဲ့သော ၂၀၂၄ - ၂၅ ဘောလုံး ရာသီက ဒဂုံစတား အသင်းအတွက် (၆) ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ အအောင်မြင်ဆုံး ကလပ် ဖြစ်သော ရှမ်းယူနိုက်တက် အသင်းသည် လာမည့် ဘောလုံးရာသီတွင် ပြည်တွင်း ပြိုင်ပွဲ ၂ ခု ( Myanmar National League Cup နှင့် Myanmar National League) ၊ ပြည်ပ ပြိုင်ပွဲ ၂ ခု ( Shopee Cup နှင့် AFC Challenge League) တို့အား အကောင်းဆုံး ပုံစံဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိပါတယ်။ရှမ်းပြည်နယ် ကိုယ်စားပြု ကလပ် အသင်းသည်ပြည်တွင်း၊ ပြည်ပ ကစားသမား ခေါ်ယူမှုများအား ဆက်လက် ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။


