သရုပ်ဆောင်ဘဝထက် မော်ဒယ်ဘဝကို ပိုနှစ်သက်မိကြောင်း အလှမယ် ဝင်းရွှေရောင်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။"ညီမက ငယ်ငယ်ကတည်းက ၉နှစ် ၁ဝ နှစ်လောက် ကတည်းက မော်ဒယ်ဖြစ်ဖို့ ဝါသနာပါခဲ့ တယ်"ဟု လည်း ၎င်းက ပြောကြားသလိုသူမဟာလာမည့် ဇွန်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်မည့် Miss Culture International 2025 (နိုင်ငံတကာအလှမယ်ပြိုင်ပွဲ)တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင် သွားရန်လည်း ပြင်ဆင်နေလျက်ရှိပါတယ်။ငလျင်ဘေးသင့် ပြည်သူများအတွက် NTO Lipstick ရန်ပုံငွေပွဲ၌ ပါဝင်ခဲ့ပြီး လိုအပ်သော ကူညီလှူဒါန်း မှုများ ကို လုပ်ဆောင်ခဲ့သည်။အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲမှာ ဇွန်လ ၂၀ ရက်မှ ၂၇ ရက်အထိဖြစ်ပြီး နိုင်ငံတကာမှ အလှ မယ်များနှင့်အပြိုင်ယှဉ်ပြိုင်သွားမည်ဟုလည်း သိရပါတယ်။
Apr 22 • 5:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


