၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့တွင် Re-entry လုပ်သား ၁၀၂ ဦး၊ စိုက်ပျိုး/မွေးမြုရေးလုပ်သားသစ် ၅၆ ဦးနှင့် ကုန်ထုတ်လုပ်ရေးလုပ်သားသစ် ၂၄ ဦး၊ စုစုပေါင်း ၁၈၂ ဦးသည် POEA မှတစ်ဆင့် EPS စနစ်ဖြင့် ရန်ကုန်မှ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့ KE 490 ခရီးစဉ်ဖြင့် သွားရောက်ခဲ့ပြီး မြန်မာသံရုံး ဆိုးလ်မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ လုပ်သားများအတွက် လိုအပ်ချက်များနှင့် သတိပြုရန်အချက်များအား တင်ပြမှတ်သားစေခဲ့သည်။



