၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်တွင် မတ်လ ၂၈ ရက် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိခိုက်သွားသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရန်ကုန်အပါအဝင်ဒေသများမှ ငလျင်ဘေးသင့်ကြောင်များကို ရန်ကုန်ရှိ Happy Cats Villa ကြောင်ဂေဟာတွင် အစာအဟာရ၊ ဆေးဝါးနှင့် နေရပ်နေရာများဖြင့် စောင့်ရှောက်ပေးနေပြီး၊ အသိစိတ်ရှိသောလူထုမှလည်း အလှူအထောက်အပံ့များ ပေးအပ်နိုင်ကြောင်း သိရသည်။



