နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီလိုင်နီကာက မန်ယူအသင်းအနေဖြင့် ကစားသမားဟောင်း တွမ်မီနေးကို နာပိုလီအသင်းထံမှ ပြန်လည်ခေါ်ယူသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။ စကော့တလန်ကွင်းလယ်ကစားသမား တွမ်မီနေး(၂၈ နှစ်)သည် မန်ယူအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၂၄ နွေရာသီတွင် နာပိုလီအသင်းထံ ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ နာပိုလီအသင်းတွင် ခြေစွမ်းပြနေပြီး လက်ရှိမန်ယူနည်းပြ အာမိုရင်မ်၏ ကစားကွက်နှင့် ကိုက်ညီသည့်သူဖြစ်သောကြောင့် ပြန်လည်ခေါ်ယူသင့်ကြောင်း ဂယ်ရီလိုင်နီကာက ပြောကြားခဲ့ခြင်းဖြစ်သည်။အာမိုရင်မ်သည် လက်ရှိမန်ယူကွင်းလယ်ကစားသမားများ၏ခြေစွမ်းကို စိတ်တိုင်းကျခြင်းမရှိသည့်အတွက် လာမည့်နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ရန် လိုလားနေကြောင်း သိရသည်။



