back

ချင်းမိုင်တွင် ဘဏ်ဓားပြတိုက်သွားသူကို ဖမ်းမိ

Apr 22 • 3:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချင်းမိုင်တွင် ဘဏ်ဓားပြတိုက်သွားသူကို ဖမ်းမိ

ချင်းမိုင်မြို့တွင်ရှိသည့် ကာစီကွန်ဘဏ်ခွဲတစ်ခုတွင် ဧပြီလ ၂၁ ရက် နေ့လည်ပိုင်း၌ ဘတ် ၄၂၀၀၀ ဓားပြတိုက်ခဲ့သူကို ချင်းမိုင် - ချင်းရိုင်ကားလမ်းတစ်နေရာတွင် ဧပြီလ၂၁ရက်န...

ချင်းမိုင်မြို့တွင်ရှိသည့် ကာစီကွန်ဘဏ်ခွဲတစ်ခုတွင် ဧပြီလ ၂၁ ရက် နေ့လည်ပိုင်း၌ ဘတ် ၄၂၀၀၀ ဓားပြတိုက်ခဲ့သူကို ချင်းမိုင် - ချင်းရိုင်ကားလမ်းတစ်နေရာတွင် ဧပြီလ၂၁ရက်နေ့ ညနေပိုင်း ဖမ်းဆီးရမိကြောင်းသိရပါတယ်။ဓားပြတိုက်သူမှာ နန်ခရိုင်တွင် နေထိုင်သည့် အာရိယဆိုသူ အသက် ၂၆ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်းမှာ ချင်းမိုင်မြို့၊ သာဆာလာအရပ်ရှိ ကာစီကွန်ဘဏ်ခွဲ၌ ဓားပြတိုက်ပြီး ချင်းရိုင်ဘက်သို့ တက္ကစီကားအနီရောင် ငှားစီးကာထွက်ပြေးသွားရာမှတဆင့် ခြေရာခံမိခြင်းဖြစ်ကြောင်းသိရပါတယ်။


news-view-count-icon

49