ဧပြီလ ၂၀ ရက် နေ့လည် ၂ နာရီအချိန်တွင်
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက် ၄၈/၄၉ ရေခဲစက်အရှေ့ဘက်ရှိ နေအိမ်တစ် လုံးတွင် အိမ်အမိုးတတ်ဖာသူ အမျိးသားတစ်ဦး ဓာတ်လိုက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ဓာတ်လိုက်သေဆုံးခဲ့သူ အမျိးသားမှာ အိမ်အမိုးတတ်ဖာရင်း ဓာတ်လိုက်သေဆုံးခဲ့တဲ့အတွက် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေးအသင်းမှ လာရောက်ကူညီပေးခဲ့ ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။သေဆုံးသူ အမျိးသားမှာ အသက်(၅၀) ဝန်းကျင်ရှိပြီး ရုပ်အလာင်းကို သေမှုသေခင်း စစ်ဆေးမှုရယူရန် အတွက် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။


