back

အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီးဟာ ထွက်သွားသူတွေ နောက်ဆံမတင်းရအောင် တူလေးကို သားအရင်းလိုပြုစုစောင့်ရှောက်သွားမည်

Apr 22 • 2:00 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီးဟာ ထွက်သွားသူတွေ နောက်ဆံမတင်းရအောင် တူလေးကို သားအရင်းလိုပြုစုစောင့်ရှောက်သွားမည်

အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီးဟာထွက်သွားသူတွေ နောက်ဆံမတင်းရအောင်တစ်မိသားစုလုံးရဲ့ အချစ်ရဆုံးသားကြီးဖြစ်တဲ့ တူလေးကို သူမရဲ့ သားအရင်းလို ပြုစုပျိုးထောင်စောင့်ရှောက...

အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီးဟာ

ထွက်သွားသူတွေ နောက်ဆံမတင်းရအောင်

တစ်မိသားစုလုံးရဲ့ အချစ်ရဆုံးသားကြီးဖြစ်တဲ့ တူလေးကို သူမရဲ့ သားအရင်းလို ပြုစုပျိုးထောင်စောင့်ရှောက်ပေးသွားမယ်လို့ ကတိပေးလိုက်တာဘဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တူလေးဖြစ်သူဟာ အဘွား၊ အဖေ၊ အမေနဲ့ ညီမလေးကို ဆုံးရှုံးလိုက်ရတာလည်းဖြစ်ပါတယ်။ ထွက်ခွာသွားသူတို့တွေရဲ့ အချစ်ဆုံးဖြစ်တဲ့ တူလေးကို နောက်ဆံမတင်းရအောင် ပြုစုစောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့ အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီးဖြစ်သူ နှင်းဆီလင်းဝင်းကပြောပါတယ်။ နှင်းဆီလင်းဝင်းနဲ့ ရဲနောင်တို့ဟာ သမီးလေးတစ်ဦးထွန်းကားခဲ့ပြီးလက်ရှိမှာ ဖခင်ဖြစ်သူနဲ့ တူလေးတို့သာကျန်ရစ်ခဲ့တာပါ။ Sky Villa Condo မှာဖွင့်လှစ်ထားတဲ့ သုခဒိုင်းမွန်းစိန်တိုက်ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး စိန်ရွှေရတနာများလည်း လက်ရှိမှာပြန်ရှာမတွေ့သေးဘဲ ဆုံးရှုံးနေဆဲဖြစ်ပါတယ်။




news-view-count-icon

36