back

Huawei Technologies သည် ၎င်း၏အဆင့်မြင့် 910C ဉာဏ်ရည်တု AI ချစ်ပ်များကို စျေးကွက်သို့တင်ပို့ရောင်းချရန် စီစဉ်နေ

Apr 22 • 1:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

Huawei Technologies သည် ၎င်း၏အဆင့်မြင့် 910C ဉာဏ်ရည်တု AI ချစ်ပ်များကို စျေးကွက်သို့တင်ပို့ရောင်းချရန် စီစဉ်နေ

Huawei Technologies သည် ၎င်း၏အဆင့်မြင့် 910C ဉာဏ်ရည်တု AI ချစ်ပ်များကို လာမည့်လအစောပိုင်းတွင် တရုတ် သုံးစွဲသူများထံ အမြောက်အမြား တင်ပို့ရောင်းချရန် စီစဉ်နေကြောင...

Huawei Technologies သည် ၎င်း၏အဆင့်မြင့် 910C ဉာဏ်ရည်တု AI ချစ်ပ်များကို လာမည့်လအစောပိုင်းတွင် တရုတ် သုံးစွဲသူများထံ အမြောက်အမြား တင်ပို့ရောင်းချရန် စီစဉ်နေကြောင်း၊ တင်ပို့မှုအချို့ ပြုလုပ်ထားပြီးဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ နှစ်ဦးကပြောကြားခဲ့ကြသည်။ 910C သည် တရုတ်ဈေးကွက်တွင် Nvidia ၏ H20 ဉာဏ်ရည်တု ချစ်ပ်ကို အစားထိုးနေရာယူမည် ဖြစ်သည်။ တရုတ် AI ကုမ္ပဏီများအတွက် H20 သည် အခရာကျသည့် AI ချစ်ပ်ဖြစ်ပြိး တရုတ်ဈေူကွက်တွင် လွတ်လပ်စွာ ရောင်းချခွင့် ရခဲ့ရာမှ ဧပြီလတွင် အမေရိကန်သမ္မတ ဒေါ်နာ် ထရမ့် အစိုးရက H20 အတွက် ပို့ကုန်လိုင်စင် လိုအပ်လိမ့်မည်ဟု Nvidia သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် ၎င်း၏စစ်တပ်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ကြိုးပမ်းနေသည့် အမေရိကန်အစိုးရသည် Nvidia ၏ အထင်ကရ B200 ချစ်ပ်အပါအဝင် အဆင့်မြင့် AI ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်ထားသည်။


news-view-count-icon

30