လိဂ်ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းသည် အသင်း၏ဝါရင့်ကွင်းလယ်ကစားသမား ရမ်ဆေးအား ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ကာဒစ်ဖ်အသင်းသည် ယခုရာသီလိဂ်ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးရန် (၃)ပွဲအလိုတွင် ရမှတ်(၄၂) မှတ်ဖြင့် အဆင့် (၂၃)ရောက်ရှိနေသည့်အတွက် အသင်းနည်းပြ ရီဇာအား ရာထူးမှထုတ်ပယ်ခဲ့သည်။ယင်းနောက် ဝါရင့်ကွင်းလယ်ကစားသမား ရမ်ဆေး(၃၄ နှစ်)အား ယခုရာသီကုန်အထိ အသင်း၏ယာယီနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။အာဆင်နယ်ကစားသမားဟောင်း ဝေးလ်စ်လက်ရွေးစင် ရမ်ဆေးသည် ကာဒစ်ဖ်အသင်း၏ ကစားသမားစာရင်းတွင် ပါဝင်နေဆဲဖြစ်သော်လည်း ယခုအခါ ဒဏ်ရာကြောင့် မကစားနိုင်ဘဲ အနားယူနေရကြောင်း သိရသည်။



