back

တိုက်စစ်ကစားသမားဆာကာ၏ခြေချင်းဝတ်ဒဏ်ရာ မပြင်းထန်နိုင်ကြောင်း အာဆင်နယ်အသင်းနည်းပြ အာတီတာ ပြောကြား

Apr 22 • 1:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

တိုက်စစ်ကစားသမားဆာကာ၏ခြေချင်းဝတ်ဒဏ်ရာ မပြင်းထန်နိုင်ကြောင်း အာဆင်နယ်အသင်းနည်းပြ အာတီတာ ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတီတာက အစ်ဝစ်ချ်အသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရခဲ့သည့် တိုက်စစ်ကစားသမား ဆာကာ၏ဒဏ်ရာ မပြင်းထန်နိုင်ကြောင်း ပွဲအပြ...

အာဆင်နယ်အသင်းနည်းပြ အာတီတာက အစ်ဝစ်ချ်အသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရခဲ့သည့် တိုက်စစ်ကစားသမား ဆာကာ၏ဒဏ်ရာ မပြင်းထန်နိုင်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။ဆာကာသည် အစ်ဝစ်ချ်ကစားသမား လိဖ်ဒေးဗစ်၏ ၃၂ မိနစ်တွင် ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်မှုဖြင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လိဖ်ဒေးဗစ်မှာလည်း ယင်းဖြစ်ရပ်ကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ပွဲအပြီးတွင် အာတီတာက ဆာကာအား လူစားလဲခြင်းမှာ ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။


news-view-count-icon

22