မြန်မာနိုင်ငံတွင် M 7.7 ငလျင်ကြီးပြီးနောက် တစ်လအတွင်း (ဧပြီ ၁၆ မှ မေလ ၁၅) နောက်ဆက်တွဲငလျင်များဖြစ်နိုင်ချေကို USGS မှ ခန့်မှန်းထားရာ M6± အထက် ၁၅%၊ M5± အထက် ၇၅%၊ M4± အထက် ၉၉% (၅ ကြိမ်မှ ၄၅ ကြိမ်) နှင့် M3± အထက် ၉၉% (၅၁ ကြိမ်မှ ၄၆၀ ကြိမ်) ဖြစ်နိုင်ကြောင်းဖော်ပြထားသည်။ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်းတိုင်းများအပါအဝင် ရှမ်းနှင့်ကယားပြည်နယ်ထိ ပါဝင်နေသည်။



