back

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Apr 22 • 1:21 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့ ၊ ဝိန်းကျ...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်ရန်ရောက်ရှိလာသော ညီကတ်(ခ)လောန၊ အိုက်ပလိတ်၊ ဆမ်ချင်း နှင့် ဆိုင်ခမ်း တို့ ၄ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၆၀၂,၀၀၀ ပြား၊ Vigo ၊ LEXUS ၊ CROWN မော်တော်ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချခဲ့သူ ဟွေထိ အား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်၌ ဘိန်းညိုဘလောက်တုံး အလေးချိန် ၂ ဒသမ ၄၅ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြား၊ ဘိန်း ၂၈ ဒသမ ၅ ကီလို၊ ကက်တမင်း ၁၀၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင်အသုံးပြုသည့် WY တံဆိပ်ပါမို ၁၈ စုံ၊ ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၇၂၈ တောင့်၊ မော်တော်ယာဉ် ၃ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

21