မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မဟာမုနိဘုရားကြီးအပါအဝင် မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဧပြီ ၂၁ ရက်တွင် အလှူငွေစုစုပေါင်းကျပ် (၆၅၄) သိန်းခန့်ကို ဘက်စုံပြုပြင်မွမ်းမံရေးအတွက် တာဝန်ရှိသူများထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။



