back

CPO ဈေးနှုန်း ပြန်လည်ချမှတ်ပြီးပဲပုပ်ဆီထက် သက်သာလာ

Apr 21 • 6:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

CPO ဈေးနှုန်း ပြန်လည်ချမှတ်ပြီးပဲပုပ်ဆီထက် သက်သာလာ

ယခုဧပြီလအတွင်း စားအုန်းဆီကြမ်း (Crude Palm Oil - CPO) သည် ပဲပုပ်ဆီထက် ဈေးသက်သာသည့်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီး၊ တတိယသုံးလပတ်အထိ ဈေးနှုန်းသည် ဆက်လက်၍ သက်သာန...

ယခုဧပြီလအတွင်း စားအုန်းဆီကြမ်း (Crude Palm Oil - CPO) သည် ပဲပုပ်ဆီထက် ဈေးသက်သာသည့်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီး၊ တတိယသုံးလပတ်အထိ ဈေးနှုန်းသည် ဆက်လက်၍ သက်သာနေဦးမည်ဟု ဈေးကွက်သုံးသပ်သူများက ခန့်မှန်းကြသည်။ ယခင်က ငါးလကြာ ပဲပုပ်ဆီထက် တတန်လျှင် US$100 ခန့် ပိုမိုဈေးကြီးနေခဲ့သော်လည်း၊ အိန္ဒိယနှင့် တရုတ်တို့မှ ပဲပုပ်ဆီအဝယ်တိုးလာမှုကြောင့် ဈေးမြင့်ခဲ့သည်။ ထို့အပြင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအကျိုးသက်ရောက်မှုကြောင့် တရုတ်က အမေရိကန်ထံမှအစား ဘရာဇီးမှ ပဲပုပ်ပဲဝယ်ယူခြင်းများလည်း တွေ့ရသည်။ ထိုအချိန်တွင် CPO ထုတ်လုပ်မှုမှာလည်း အောက်တိုဘာလအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။


news-view-count-icon

22