၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်ကြီးအတွင်းရှိ မင်္ဂလာကျုံးတွင်တည်ထားသည့် စေတီတော်တော်တစ်ဆူ ပြိုကျပျက်စီးခဲ့ရာ၌ ရမည်းသင်းမြို့နယ်/နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်ပြည်သူများအတူပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



