back

မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေသူ ၉,၀၀၀ ကျော် စစ်ဆေးဖော်ထုတ်

Apr 21 • 3:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေသူ ၉,၀၀၀ ကျော် စစ်ဆေးဖော်ထုတ်

မြဝတီမြို့အပါအဝင် နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား ၉,၀၃၂ ဦးအား ဇန်နဝါရီ ၃၀ မှ ဧပြီ ၂၀ ရက်အထိ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိ...

မြဝတီမြို့အပါအဝင် နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား ၉,၀၃၂ ဦးအား ဇန်နဝါရီ ၃၀ မှ ဧပြီ ၂၀ ရက်အထိ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၀ ရက်တွင်လည်း မြဝတီရှိ KK Park နှင့် ရွှေကုက္ကိုလ်အတွင်းမှ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၄ ဦးအား ထပ်မံဖော်ထုတ်ခဲ့ကြသည်။ ထိန်းသိမ်းထားသူများထဲမှ ၇,၂၈၈ ဦးကို ထိုင်းမှတဆင့် နိုင်ငံအလိုက် ပြန်လွှဲပြီး နောက်ထပ် ၁,၇၄၃ ဦးလည်း ပြန်လွှဲရန် အသင့်ဖြစ်နေသည်။


news-view-count-icon

28