back

တပတ်အတွင်း ပြည်တွင်းဈေးကွက်အခြေအနေ

Apr 21 • 2:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တပတ်အတွင်း ပြည်တွင်းဈေးကွက်အခြေအနေ

ဒီတပတ်မှာ ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ဈေးနှုန်းတက်ခြင်းနှင့်အမျှ တကျပ်သား ၇၄ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး၊ ဒေါ်လာဈေးကတော့ တဒေါ်လာ ၄၄၀၀ ဝန်းကျင်အထိ ကျဆင်းနေသည်။ စက...

ဒီတပတ်မှာ ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ဈေးနှုန်းတက်ခြင်းနှင့်အမျှ တကျပ်သား ၇၄ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး၊ ဒေါ်လာဈေးကတော့ တဒေါ်လာ ၄၄၀၀ ဝန်းကျင်အထိ ကျဆင်းနေသည်။ စက်သုံးဆီဈေးတွင်လည်း ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားအားလုံး တလီတာလျှင် ၂၀၀ ကျပ်ကျဆင်းလာခဲ့သည်။ အခြေခံစားသောက်ကုန်ဈေးကွက်မှာတော့ ကြက်ဥ၊ ဘဲဥနဲ့ အသားငါးတချို့ ဈေးမြင့်လာပြီး၊ ဆန်ဈေး၊ စားအုန်းဆီဈေးကတော့ အမြင့်ဈေးအတိုင်း ဆက်ရှိနေသည်။ ထို့ပြင် ကုန်စိမ်းတချို့ ဈေးတက်သော်လည်း ခရမ်းချဉ်သီး၊ ကြက်သွန်နီလို ငွေ့ကုန်များမှာ ဈေးနည်းနည်းကျလာမှုတွေ တွေ့ရသည်။


news-view-count-icon

49