ဖိလစ်ပိုင်နိုင်ငံ၊ ဆူလ်တန်ကူဒါရတ်ပြည်နယ်အနီးကမ်းလွန်ရေပြင်၌ ဧပြီ ၂၀ ရက် နံနက် ၁၂း၁၁ နာရီအချိန်တွင် ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒဌာန (Phivolcs) က ထုတ်ပြန်သည်။ ငလျင်၏ အနက်သည် ၆ ကီလိုမီတာခန့်ရှိပြီး၊ ပြင်းအား ၅.၁ အဆင့်နှင့် နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း သိရသည်။



