ဧပြီလ၁၈ ရက် ညပိုင်းက ချင်းမိုင်ရှိ တရုတ် စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အထောက်အထားမဲ့ မြန်မာ အလုပ်သမား ၇ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။စားသောက်ဆိုင် မှာ တရားမဝင် နိုင်ငံခြား သား အလုပ်သမား အသုံးပြုနေတယ်လို့ သတင်းရရှိတဲ့ အတွက် ဝင်ရောက် စစ်ဆေးခဲ့ရာမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမား ၇ ဦး ကို့ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ကာစားသောက်ဆိုင် ကို ထိုင်းနိုင်ငံသား အမည်ခံထား ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင် လုပ်ဆောင် တာမျိုး သံသယ ရှိတဲ့ အတွက် ဆိုင်နောက်ကွယ်မှ ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား တို့ကို ဆက်လက် စုံစမ်း စစ်ဆေးသွားမယ်လို့ ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ မှထုတ်ပြန်ထားပါတယ်။ တရုတ်စားသောက်ဆိုင်မှ မြန်မာ လုပ်သား ၇ဦး အပါအဝင် သံသယရှိသူ အားလုံးကို ချင်းမိုင်မြို့ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူထားတာလည်းဖြစ်ပြီးချင်းမိုင်ခရိုင် ၊ မိုင်းယော်ခရိုင်၊ ဟိုင်ယာလမ်း နန့်ထရမ်လမ်းတို့မှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားလုပ်သားတွေ အသုံးပြုနေတယ်လို့ ခရီးသွားရဲတပ်ဖွဲ့က သံသယ ရှိနေကာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ ဥပဒေဖောက်ဖျက်တဲ့ နိုင်ငံခြားသား တွေ ကို တွေ့ရှိပါက ခရီးသွားရဲတပ်ဖွဲ့ ရဲ့ Hot Line ဖုန်းနံပါတ်ကို ဆက်သွယ်တိုင်ကြားနိုင်တယ် လို့ လည်း ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်ရှိ တရုတ် စားသောက်ဆိုင်မှာဖမ်းဆီးခံရ
Apr 20 • 5:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
18 | 0 | 0 | 0 |