back

မကွေးတိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနင့် နေပြည်တော်ကောင်စီဒေသအချို့တွင်လေပြင်းများတိုက်ခတ်နိုင်ကြောင်း မိုး/ဇလမှ ခန့်မှန်း

Apr 20 • 4:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မကွေးတိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနင့် နေပြည်တော်ကောင်စီဒေသအချို့တွင်လေပြင်းများတိုက်ခတ်နိုင်ကြောင်း မိုး/ဇလမှ ခန့်မှန်း

ဧပြီလ ၁၉ ရက်မှ ၂၅ ရက်အထိ ၇ ရက်အတွင်း မိုးလေဝသ ခန့်မှန်းချက်အရမကွေးတိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနင့် နေပြည်တော်ကောင်စီဒေသအချို့တွင် အနောက်ဘက်မှ တစ်နာရီ ၁၅...

ဧပြီလ ၁၉ ရက်မှ ၂၅ ရက်အထိ ၇ ရက်အတွင်း မိုးလေဝသ ခန့်မှန်းချက်အရမကွေးတိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနင့် နေပြည်တော်ကောင်စီဒေသအချို့တွင် အနောက်ဘက်မှ တစ်နာရီ ၁၅မိုင်မှ မိုင်၂၀ ခန့်အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုး/ဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသလိုဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ ရန်ကုန်တောင်ပိုင်း ကမ်းရိုးတန်းအနီးက ဒေသအချို့မှာလဲ အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှ လေပြင်း တစ်နာရီ ၁၅ မိုင်မှ မိုင်၂၀ ခန့် တိုက်ခတ်နိုင်ကြောင်း ပြောသလိုကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီး အထက်ပိုင်းနင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ မကွေးတိုင်း‌ ဒေသကြီးမြောက်ပိုင်း ဒေသအချို့နင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့တို့တွင် မိုးအနည်းငယ်ရွာနိုင်သည်ဟု သိရပြီးနေ့အပူချိန်များမှာမြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနင့် မန္တ‌လေးတိုင်းဒေသကြီးတို့တွင် ၄၀°C ခန့် နေ့အပူချိန်ရှိနိုင်သည်ဟုဆိုပါတယ်။



news-view-count-icon

72