back

ငလျင်ဘေးသင့်သူများအတွက် ကိုယ်ချင်းစာစိတ်ဖြစ်မိသလို ၎င်းတို့နေရာတွင်မိမိသာဆို မပဒါမြေလူးဖြစ်နေမည်ဟုဆိုလာသည့် Miss Universe Myanmar 2024 ၏ မွန်ပြည်နယ် သံဖြူဇရပ်ကိုယ်စားပြု အလှမယ်ဘေးဘေး

Apr 20 • 4:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ဘေးသင့်သူများအတွက် ကိုယ်ချင်းစာစိတ်ဖြစ်မိသလို ၎င်းတို့နေရာတွင်မိမိသာဆို မပဒါမြေလူးဖြစ်နေမည်ဟုဆိုလာသည့် Miss Universe Myanmar 2024 ၏ မွန်ပြည်နယ် သံဖြူဇရပ်ကိုယ်စားပြု အလှမယ်ဘေးဘေး

ငလျင်ဘေးသင့်သူများအတွက် ကိုယ်ချင်းစာစိတ်ဖြစ်မိသလို ၎င်းတို့နေရာတွင်မိမိသာဆိုပါက မပဒါမြေလူး ဖြစ်သွားနိုင်ကြောင်း မော်ဒယ်သရုပ်ဆောင် ဘေးဘေးက မီဒီယာများနှင့် တွေ့ဆု...

ငလျင်ဘေးသင့်သူများအတွက် ကိုယ်ချင်းစာစိတ်ဖြစ်မိသလို ၎င်းတို့နေရာတွင်မိမိသာဆိုပါက မပဒါမြေလူး ဖြစ်သွားနိုင်ကြောင်း မော်ဒယ်သရုပ်ဆောင် ဘေးဘေးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။Miss Universe Myanmar 2024 ၏ မွန်ပြည်နယ် သံဖြူဇရပ်ကိုယ်စားပြု အလှမယ်ဖြစ်သော ၎င်းသည် လတ်တလောတွင် ကြော်ငြာများရိုက်ကူးနေသလို သရုပ်ဆောင်ပိုင်းဖြင့် အနုပညာလောကသို့ ခြေဆန့်လာ လျက်ရှိရာ""သူတို့နေရာမှာ ကိုယ်သာဆိုရင် စိတ်ကြီးနဲ့သွင်းပြီး ခံစားကြည့်မယ်ဆိုရင်တောင်မှ ဆောက်တည်ရာ မရ ဘဲ မပဋာမြေလူး ဖြစ်သွားမှာပေါ့နော်၊ မိသားစုတစ်စုလုံး ပြိုကွဲပျက်စီးသွားတယ်၊ တချို့တွေဆို ရှာဖွေစု ဆောင်း ထားတဲ့ အိုးအိမ်ခြံမြေတွေက အသက်ထက်ဝက်ကျိုးနေပြီလေ၊ အတိုင်းမသိ ဘယ်လိုမှကို ပြောပြလို့မနိုင်အောင် စိတ်ထဲမှာဆို့နစ်ပြီး ခံစားရတယ်၊ဆိုးရွားလှသည့် အခြေအနေမျိုးကို မိမိတို့ဘက်မှလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးနေကြောင်း၊ နှစ်အချိန်ကာလအများကြီး ပေးဆပ်၍ တည်ဆောက်လာသော အရာများအားလုံးတစ်ခဏတွင်း ပျက် စီးဆုံးရှုံးသည့်အပေါ် ကိုယ်ချင်းစာမိကြောင်း ဆိုထားပါတယ်။

news-view-count-icon

31