back

တရုတ်နိုင်ငံ ကွမ်ကျိုး အခြေစိုက် Xpeng Motors ရောင်းအား၏ ၅၀% ကို လာမည့်ဆယ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်များထံမှ ရရှိလာစေရန် ရည်မှန်းထား

Apr 20 • 4:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံ ကွမ်ကျိုး အခြေစိုက် Xpeng Motors ရောင်းအား၏ ၅၀% ကို လာမည့်ဆယ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်များထံမှ ရရှိလာစေရန် ရည်မှန်းထား

တရုတ်နိုင်ငံ ကွမ်ကျိုး အခြေစိုက် Xpeng Motors သည် ရောင်းအား၏ ၅၀% ကို လာမည့်ဆယ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်များထံမှ ရရှိလာစေရန် ရည်မှန်းထားကြောင်း စီအီးအို He Xi...

တရုတ်နိုင်ငံ ကွမ်ကျိုး အခြေစိုက် Xpeng Motors သည် ရောင်းအား၏ ၅၀% ကို လာမည့်ဆယ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်များထံမှ ရရှိလာစေရန် ရည်မှန်းထားကြောင်း စီအီးအို He Xiaopeng က ပြောကြားသလိုယမန်နှစ်က ၁၀% ရရှိခဲ့ပါတယ်။၎င်းရည်မှန်းချက် ရရှိရန် ယခုနှစ်အတွင်း နိုင်ငံ ၆၀ တွင် လုပ်ကိုင်သွားမည်။ ယမန်နှစ်က နိုင်ငံ ၃၀ ဝန်းကျင်ရှိခဲ့သလိုနောက် ၁၀ နှစ်အကြာ ၂၀၃၅ ခုနှစ်အတွက် ရောင်းအား ရည်မှန်းချက်ကို ပြောကြားခြင်း မပြုချေ။ ယခုနှစ် ၂၀၂၅ တွင် အစီးရေ ၃၈၀,၀၀၀ ဝန်းကျင် ရောင်းချနိုင်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။ ၂၀၂၄ ရောင်းအား ၂ဆ ရရှိရန် ရည်မှန်းထားခြင်း ဖြစ်ပါတယ်။

Volkswagen သည် Xpeng ထံမှ ဆော့ဖ်ဝဲလ်ဖြင့် အီးဗီမော်ဒယ်များ ထုတ်လုပ်နိုင်ရန် ၂၀၂၃ ဇူလိုင်လတွင် Xpeng ရှယ်ယာ ၄.၉၉% ကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူခဲ့ပြီးVolkswagen အမှတ်တံဆိပ်ဖြင့် အီးဗီများကို တရုတ်ဈေးကွက်အတွက် Xpeng ၏ နည်းပညာဖြင့် ထုတ်လုပ်မည်ဖြစ်ကာXpeng သည် နယ်ပယ်သစ်များအဖြစ် ကားပျံနှင့် လူတုစက်ရုပ်တို့ ထုတ်လုပ်ကာကားပျံ “Land Aircraft Carrier”ကို ၎င်း၏ AeroHT လုပ်ငန်းခွဲမှ ထုတ်လုပ်မည်။ နောက်နှစ် ၂၀၂၆ တွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသလိုIRON ဟု ခေါ်တွင်သည့် လူတူစက်ရုပ်များကိုလည်း နောက်နှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်ရာလက်ရှိတွင် အမျိုးမျိုး စမ်းသပ်နေဆဲ ဖြစ်ပါတယ်။




news-view-count-icon

18