၂၀၂၅ -၂၀၂၆ခုနှစ် ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကစားမည့် YRFC အမျိုး သမီးဘောလုံးအသင်း ကစားသမားများ၏ ပုံရိပ်ကို အသင်းက တရားဝင် အသိပေးခဲ့ပြီဖြစ်ကာYRFC အမျိုးသမီး ဘောလုံးအသင်းသည် မြန်မာအမျိုးသမီး လိဂ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၉) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ လက်ရှိချန်ပီယံ ISPE ၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအက်ဖ်စီ၊ မြဝတီ၊ သ စ္စာအားမာန်၊ ရှမ်းယူနိုက်တက်၊ YREO၊ Young Lioness နှင့် အသင်းသစ် Yangon Royals FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။



