ဧပြီလ(၁၈)ရက်နေ့တွင်နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံအတွက် လိုအပ်လျက်ရှိသော သန့်ရှင်းသော သောက်သုံးရေ လီတာ (၂၀၀၀) ၊ လူဦးရေ (၃၀၈၀) ဦး အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက သွားရောက် ထောက်ပံ့ကူညီခဲ့ပါတယ်။လက်ရှိတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှလှူဒါန်းသည့်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ငလျင်ဘေးဒဏ်ခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက် ပေးအပ်နိုင်ရန် အသင်းအနေဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။



