၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းအမျိုးအစား ၁၃ မျိုးမှ လုပ်ငန်းပေါင်း(၂၀၀၀)နီးပါး မှတ်ပုံတင်ထားကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။မှတ်ပုံတင်လာသည့် လုပ်ငန်းအမျိုးအစားများဟာဆိုရင် စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်လုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်ပစ္စည်းစသည့် လုပ်ငန်းပေါင်း ၁၃ မျိုးပါဝင်ကာအဆိုပါအသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ထုတ်ပေးခြင်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ခွင့်ပြုဆောင်ရွက်ပေးနေတာဖြစ်ကာအသေးစားစက်မှုလက်မှုလုပ်ငန်းအဖြစ် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်ဓာတ်ပုံ ၅ ပုံ၊ မှတ်ပုံတင်မိတ္တူ ၃ စောင်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းလုပ်ကိုင်ကြောင်းထောက်ခံချက်တို့နှင့်အတူ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းများဖြစ်ပါက တံဆိပ် ၃ ခု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးရန် ထုတ်ကုန်ပစ္စည်းနမူနာ ၆ ခု၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်စွဲစသည့် အချက်များပြည့်စုံစွာ ပါရှိရမှာဖြစ်ကြောင်းလည်း သိရပါတယ်။


