အခုနှစ်ဘောလုံးရာသီအစမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တော်မီနေး ကတော့ နည်းပြ အန်တိုနီယို ကွန်တီ ရဲ့ နာပိုလီအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ပုံစံကောင်းပြသနေပါတယ် ။ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း နာပိုလီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တော်မီနေးက သွင်းယူပေးခဲ့ရာဒီဂိုးဟာ သူ့အတွက် အခုနှစ်စီးရီးအေပြိုင်ပွဲမှာ ၉ ဂိုးမြောက်သွင်းယူနိုင်မှုလည်း ဖြစ်လာခဲ့ပါတယ် ။ နာပိုလီအသင်းဟာ အင်တာမီလန်အသင်းကို ၃ မှတ်အကွာကနေ အမီလိုက်နေတာဖြစ်ပြီး မနေ့ညက နိုင်ပွဲကြောင့် အမှတ်တူညီသွားခဲ့ပါတယ် ။ အင်တာမီလန်အသင်းကတော့ အခုညမှာ ဘိုလော့ညာအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။
Apr 20 • 2:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


