back

ရှမ်းတောင်ပိုင်း လွိုင်လင်မှာ ကျပ် ၈ ဘီလျံခွဲတန်ဖိုးရှိ ကတ်တမင်း ၁၀၀၀ ကီလိုကို ဖမ်းမိခဲ့

Apr 20 • 1:47 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းတောင်ပိုင်း လွိုင်လင်မှာ ကျပ် ၈ ဘီလျံခွဲတန်ဖိုးရှိ ကတ်တမင်း ၁၀၀၀ ကီလိုကို ဖမ်းမိခဲ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ငွေကျပ် ၈ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,၀၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ငွေကျပ် ၈ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,၀၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွိုင်လင်တိုးဂိတ်တွင် ကျော်အာကာသိန်း မောင်းနှင်လာသည့် Alphard ယာဉ်နှင့် သက်နိုင် မောင်းနှင်လာသည့် Alphard ယာဉ်တို့ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကျော်အာကာသိန်း မောင်းနှင်သည့်ယာဉ်မှာ တောင်ကြီးဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။



news-view-count-icon

23