ဧပြီလ ၂၁ ရက်နေ့ ငလျင်လှုပ်ခတ်မယ် ဆိုတဲ့ အကြောင်းအရာကို JOHN (Palmistry) လို့ အမည်ပေးထားတဲ့ TikTok အသုံးပြုသူမှ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ စတင် ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အာရှ (၅) နိုင်ငံဟာ ငလျင်ဒဏ်ကို သိသိသာသာ ခံစားကြရမှာဖြစ်တဲ့အပြင် အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးမှု များနိုင်တယ်လို့ အသိပေး ရေးသားထားတာကို တွေ့ရကာအဲဒီ ရေးသားချက်ကို ကြိုက်နှစ်သက်သူ အများအပြား ရှိနေပြီး ထပ်ဆင့် ဖြန့်ဝေနေတဲ့ မှတ်ချက် အများစုမှာလည်း ယုံကြည်ရကြောင်း ပြောဆိုချက်တွေကို တွေ့နေရပါတယ်။ အလားတူ Shortest07 လို့ အမည်ပေးထားတဲ့ TikTok အကောင့်မှာလည်း ဒီအကြောင်းအရာကို ဖော်ပြထားပြီးငလျင်နဲ့ ပတ်သက်လို့ မည်သည့်အချိန်၊ မည်သည့်နေရာမှာ ငလျင်လှုပ်ရှားမယ် ဆိုတာကို ဒီကနေ့၊ ဒီအချိန်အထိ ကမ္ဘာပေါ်မှာ မည်သည့် နိုင်ငံ၊ မည်သည့် ငလျင်ပညာရှင်ကမှ တိတိကျကျ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ငလျင်ကြီးတစ်ခု လှုပ်ပြီးတဲ့အခါ မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းနဲ့ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းကာလတွေအထိ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်နေတတ်တယ်လို့လည်း ပြောဆိုထားပြီး အမေရိကန် ဘူမိလေ့လာရေးအသင်း (USGS) ရဲ့ နောက်ဆက်တွဲ ငလျင်ကြိုတင် ခန့်မှန်းချက်မှာလည်း အချိန် တစ်နှစ်ကြာတဲ့အခါ ပြင်းအား ၇ အထက်ရှိတဲ့ ငလျင်ကြီး လှုပ်နိုင်ခြေ ၇ ရာခိုင်နှုန်း၊ ပြင်းအား ၆ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၄၆ ရာခိုင်နှုန်း၊ ပြင်းအား ၅ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၉၈ ရာခိုင်နှုန်း၊ ပြင်းအား ၄ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၉၉ ရာခိုင်နှုန်း၊ ပြင်းအား ၃ အထက်ရှိတဲ့ ငလျင် လှုပ်နိုင်ခြေက ၉၉ ရာခိုင်နှုန်း ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် အနည်းဆုံး တနှစ်ကြာရင်တောင်မှ ၇ အထက် ငလျင်ကြီးလှုပ်နိုင်ခြေက ၇ ရာခိုင်နှုန်းပဲ ရှိတယ်လို့ လေ့လာ မှတ်သားရပါတယ်။ငလျင်ဟာဘယ်ကျွမ်းကျင်ပညာရှင်မှ ခန့်မှန်းလို့မရဘူးလို့ ဝန်ခံထားပါတယ်။မြန်မာနိုင်ငံမှ လူမှုကွန်ရက် သုံးစွဲသူများကြားမှာတော့ ငလျင်လှုပ်မယ့် ခန့်မှန်းချက်တွေ ပုံစံမျိုးစုံနဲ့ ပျံ့နှံ့နေလျက်ရှိပါတယ်။ သဘာဝဘေးနဲ့ ရာသီဥတုအကြောင်း ဗဟုသုတ နည်းပါးသူတွေကတော့ ယုံကြည်ပြီး စိုးရိမ်မှု လွန်ကဲနေကြပါတယ်။လတ်တလော ပျံ့နှံ့နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ ဒီသတင်း ဖြန့်သူတွေကို သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၇ နဲ့ အရေးယူလို့ ရနိုင်တယ်လို့ ပြောဆိုကြပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ မှာ မည်သူမဆို အများပြည်သူ အထိတ်တလန့် ဖြစ်စေမှုဖြစ်ကြောင်းသိရပါတယ်။
ပြည်တွင်းတွင် ဧပြီလ ၂၁ ရက်၌ ငလျင် လှုပ်မည်မှာ ကောလာဟလယုံတမ်းစကားသတင်းမှားဖြစ်နေပြီး လူအများကြားစိုးရိမ်မှုမြင့်မားနေ
Apr 20 • 12:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


