back

ငလျင်ကြောင့်သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိလာ

Apr 19 • 8:02 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ငလျင်ကြောင့်သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိလာ

မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆု...

မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်ပေါင်း ၁၄၂ကြိမ်လှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂ဝ၃ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရှိရသည်။



news-view-count-icon

51