ဟုမ္မလင်းမြို့နယ် မိုင်းကိုင်း ( မၫꩫ်ႍကၫင်း ) ကျေးရွာအုပ်စု နမ့်တောစံပြကျေးရွာရှိ ရွာမ ကျောင်းကို သံဃာတော်တွေအပါအဝင် ကျေးရွာအုပ်စုအတွင်းက ရွာသူ/သားတွေ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ( ဧပြီ ၁၇ ) ရက်နေ့မှာ ကျောင်းတက်ကန်တော့လာကြပါတယ်။ ယနေ့ ဧပြီလ(၁၈)ရက်နေ့ မြန်မာနှစ်ဆန်း(၂)ရက်နေ့ နောင်ခမ်း(ꩫွင်ꩼၷမ်း)ကျေးရွာ ၊ နှစ်ဆန်း (၃)ရက်နေ့မှာ မန်မော်-ပုနွဲ(မၫꩫ်ႍမႂꧥ-ပꩫွႆး)ကျေးရွာ ၊ နှစ်ဆန်းလေးရက်နေ့မှာ မန်တင်(မၫꩫ်ႍတꧥꩫ်) နှင့် နှစ်ဆန်း(၅) ရက်နေ့မှာ သက္ကယ်တောင်ရွာ စတဲ့ ကျေးရွာအုပ်စုအတွင်းက ဆရာတော်ကြီးတွေကို စုပေါင်းကျောင်းတက် ကန်တော့ကြတာလည်းဖြစ်ပါတယ်။ဘာသာရေးနှင့် လူမှုရေးအစဉ်လာအဖြစ် ကျောင်းတက်ဆရာကန်တော့ပွဲတွေကို ပင်လည်ဘူးမြို့နယ်က ထမံ/မောက်လပ်ဒေသအပါဝင် မြိုနယ်အနှံပြား ကျင်းပလာခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါ ပျံ့နှံလာချိန်မှစပြီး ၎င်းဓလေ့ ကျင့်သုံးခွင့်မရှိတော့တာလည်းဖြစ်ပါတယ်။



