ထိုင်း-မြန်မာနယ်စပ်အနီးတွင် အာဆင်းနစ်ပါဝင်မှုနှုန်းသည် တရားဝင်ကန့်သတ်ချက်ထက် နှစ်ဆပိုမိုများပြားနေပြီး သောက်သုံးရန်၊ နေ့စဉ်အသုံးပြုမှုနှင့် ရေကူးခြင်းအတွက် မြစ်ရေအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။ချင်းမိုင်မြို့ မယ်အိုက်ခရိုင်ရှိ ထွန်တံတားအနီးရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်အချို့သည် ဆိုင်များကို ယာယီပိတ်ကာ ဝါးဖောင်များကို ဖယ်ရှားခြင်းဖြင့် ဝယ်ယူသူများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရသည်။



